၂၀၂၅ ခုနှစ် ဩဂုတ်လ ၄ ရက်
IGE နှင့် ပတ်သက်၍ မဟုတ်မမှန်သည့်သတင်းများ ဖြန့်ချီနေမှုနှင့်ပတ်သက်၍ ရှင်းလင်းအတည်ပြုချက်
IGE အနေဖြင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု နှင့် ဝန်ဆောင်မှု အစရှိသည့်ကဏ္ဍများတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ နှစ်(၃၀)ကျော် ရည်တည်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ခေတ်သစ်မီဒီယာမှ ဖော်ပြထားသည့် IGE ကုမ္ပဏီနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် လူပုဂ္ဂိုလ်များဖြင့် ဆက်နွယ်ဖော်ပြပြီး ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များအပေါ် မှားယွင်းစွာ ရေးသားဖော်ပြထားသည့် သတင်းဆောင်းပါးတစ်ပုဒ်အနေဖြင့် လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းဆောင်းပါးပါ အချက်အလက်များအနေဖြင့် လုံးဝ (လုံးဝ) မှန်ကန်မှု မရှိပါကြောင်း IGE အနေဖြင့် ရှင်းလင်းပြတ်သားစွာ အတည်ပြု ကြေညာအပ်ပါသည်။
IGE နှင့်ပတ်သက်၍ IGE ထံသို့ မေးမြန်းခြင်း၊ အတည်ပြုခြင်းမရှိဘဲ မဟုတ်မမှန် မှားယွင်းသည့် အချက်အလက်များနှင့် သတင်းမှားများ ဖေါ်ပြထုတ်ဝေဖြန့်ချီမှုများအတွက် မိမိတို့အနေဖြင့် တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် IGE နှင့်ပတ်သက်သည့် သိရှိလိုသော သတင်းအချက်အလက်များကို တရားဝင် website ပါ [email protected] သို့ ဆက်သွယ်ဆောင်ရွက်ပေးပါရန် အတည်ပြု ဖေါ်ပြအပ်ပါသည်။
Board of Directors
IGE
အများပြည်သူသို့ အသိပေးကြေညာချက်